ကုလသမဂ္ဂဝန်ထမ်းများ ဘေးကင်းစွာ သွားလာခွင့်အတွက် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း နိုင်ငံ ခြားရေးဝန်ကြီး ပြောကြား

0
114

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ ဘေးအန္တ ရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Und er-Secretary-General    Mr. Gilles Michaud ကို ဧပြီ (၄) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌  လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံ ရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့နှင့်ပတ်သက်၍ အဓိက ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် နိုင်ငံဖြတ်ကျော် မှုခင်းကိစ္စရပ်များနှင့် ပတ်သက် ၍လည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာန ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လုံခြုံရေးအကြံပေး Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here