တိုကျို၌ ချယ်ရီပွင့်ချိန်ရောက်၍ ပန်းကြည့်သူများဖြင့်စည်ကား

0
259

တိုကျို၊ဧပြီ ၅

ဂျပန်နိုင်ငံ၌ ရာသီဥတုအေးမြမှုကြောင့် ပုံမှန်ထက် နောက်ကျပြီးမှ ဖူးပွင့် ဝေဆာလာသော ဆာကူရာ (ချယ်ရီ)ပန်းများကို ကြည့်ရှုရန်အတွက် ပြည်တွင်းပြည်ပခရီးသွားများ သည်ဆာကူရာ ပန်းများ အများဆုံး ပွင့်ရာ နေရာ၌ လာရောက်စုဝေးနေကြပြီဖြစ်ကြောင်းသိရသည်။

“ဆာကူရာ(ချယ်ရီ)ပန်းတွေက ဂျပန်ရဲ့သင်္ကေတဖြစ်ပြီး အဲ့ဒီပန်းတွေဟာပတ်ဝန်းကျင်က အရာအားလုံးကို ရွှင်လန်းလှပစေပါတယ်” ဟု အသက် ၆၈ နှစ်အရွယ်ရှိ မီချီတာက ဆအိတိုကပြောကြားခဲ့သည်။

တိုကျိုမြို့လယ်ကျုံးဘေးရှိ ချီဒိုရိဂဖုချိပန်းခြံသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ဆအိတိုက နှစ်စတွင် ဆာကူရီပန်းများကို ကြည့်ရ သဖြင့် နောင်လာမည့်တနှစ်တာကို အစ ကောင်းကောင်း ဖြင့် စတင်နိုင် သည် ဟု ခံစားမိသည်ဟုလည်းပြောကြားခဲ့သည်။

ဂျပန်၌ ကပ်ရောဂါကြောင့်နယ်စပ် ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံသို့ ခရီးသွားလာမှု များ လာကာ ယခု ကဲ့ သို့ ဆာကူရာပွင့်ချိန်၌ နိုင်ငံတကာမှဧည့်သည်များလည်း ရှုခင်းများကိုလာရောက်ခံစားကြည့်ရှုကြခြင်းဖြစ်သည်။

ကန်ဆိုင်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ခတ်ဆုဟိရို မိရမိုတို သည် ပန်းများအောက်၌ ကျင်းပသည့် ပါတီများသို့ ခရီးသွားခြင်းမှသည် ဂျပန်နိုင်ငံရှိ ချယ်ရီပန်းရာသီ၏ စီးပွားရေးအကျိုးသက်ရောက်မှုအားခန့်မှန်းထားပြီး ယခုနှစ်တွင် ယန်း ၁ ဒသမ ၁ ထရီလျံ (ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ) ရှိကြောင်းဆိုကာ ယမန်နှစ် ၂၀၂၃ ခုနှစ်က ရခဲ့သော  ယန်း ၆၁၆ ဘီလျံထက်မြင့်တက်လာခဲ့သည်။

Source : ရိုက်တာ/အယ်လ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here