UID စာရွက်ပါမှသာ နယ်စပ်ဖြတ်ကျော် TBP နှင့် BP လက် မှတ်ထုတ်ပေးမည်ဟုဆို

0
164

လာမည့် မေလ (၁) ရက်မှစတင်ကာ UID စာရွက်ပါမှသာ နယ်စပ်ဖြတ်ကျော် TBP နှင့် BP လက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP ၊ BP လက်မှတ်လာရော က်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါ တပါတည်း ယူဆောင်လာကြရန်နှင့် မေလ (၁) ရက်မှ စတင်ပြီး UID စာရွက်ပါမှသာ TBP ၊ BP လက်မှတ်များထုတ်ပေး၍ နယ် စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက် (၁၀) နှစ်အထက်ရှိသူများကို Electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များ ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID များ ထုတ်ပေးနေပြီး ယင်းသို့ Biographic /Biometric အချက်အလက်များမှတ် ပုံတင်ရာတွင် နိုင်ငံ သားစီစစ်ရေးကတ်ပြား(သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ကြောင်း လည်းသိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နယ်စပ်ဖြတ်ကျော်ဝင်/ထွက်သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ TBP ၊ BP လက် မှတ်များဖြင့် တရားဝင် ဝင်/ထွက်သွားလာခွင့် ခွင့်ပြုပေးနေခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်/ထွက်ခွင့်ပြုရာတွင် နယ်စပ်အဝင်/အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားအတုများနှင့် အသုံးမပြုသည့် ကတ်များအားအသုံးပြု၍ သွားလာခြင်းများမပြုနိုင်ရေးတို့အတွက် UID လက်မှတ်ပါမှသာ TBP ၊ BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here