YBS ယာဉ်မောင်းများ စည်းကမ်းပိုမိုဖောက်ဖျက်လာဟု YRTC ပြော

0
131

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများသည် စည်းကမ်းပိုမို ဖောက်ဖျက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ YRTC မှ သိရသည်။

“အရင်နှစ်တွေ ထက်စာရင် YBS ယာဥ်မောင်းတွက စည်းကမ်းပိုပြီး ဖောက်လာကြတယ်။ စည်းကမ်းဖောက်တဲ့ ယာဥ်မောင်းတွေကို အပြစ်ပေးပြီးရင် နောက်တစ်ကြိမ် စည်းကမ်းမဖောက်အောင် YRTC က ပညာပေးကို တစ်လနှစ်ကြိမ် လုပ်တယ်။ ဒါကိုမှ မလိုက်နာရင်တော့ ထိရောက်တဲ့အပြစ် ပေးသွားမယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီ (၁)ရက်မှ မတ်လ (၃၁) ရ က်အတွင်း YBS ယာဥ်မောင်းများ စည်းကမ်းချိုးဖောက်မှု ၁၈၄၂၄ မှုအထိရှိခဲ့ပြီး ယင်းတွင် မှတ်သားဖမ်းဆီးမှုသည်အများဆုံးဖြစ်ကြောင်း သိရသည်။

အလားတူ ခရီးသည်တိုင်ကြားမှု၊ Facebook တိုင်ကြားမှု၊မီးနီဖြတ်မောင်းမှု၊ သတ်မှတ်ကီလိုကျော်လွန် မောင်းနှင်မှု၊ သ တ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ သီးခြားအမှု၊ နယ်ကျော်မှု၊ ရပ်နားချိန်ကြာမြင့်မှု၊ ယာဉ်တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်မှု စသည့်အမှုများ ပါဝင်သည်။

ယင်းအပြင် YBS ယာဉ်လိုင်းများစည်းကမ်းမဲ့မောင်းနှင်မှုမရှိစေရန်အတွက် YBS ယာဉ်လိုင်းများတွင် တယ်လီမက်တစ်စနစ်တပ်ဆင်ထားပြီး Yangon Bus Operator မှတဆင့် စောင့်ကြည့်အရေးယူမှုတွေ ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်း၊ ယာဉ်အစီးရေ  ၃၆၅၀ စီးနှင့်နှင့် နေ့စဉ်ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here