ငလျင်လှုပ်ပြီးနောက် ပျောက်နေသူ ၁၈ ဦးကို ထိုင်ဝမ်ဆက်လက်ရှာဖွေနေ

0
155

တိုင်ပေ၊ဧပြီ ၅

ထိုင်ဝမ်၌ ရစ်ခ်တာစကေး ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ပြီးနောက် ပျောက်ဆုံးနေသေးသူ ၁၈ ဦးကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေ နေကြောင်းသိရသည်။

အဆိုပါငလျင်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ထောင်နှင့်ချီကာ ဒဏ်ရာရရှိခဲ့သည်။ ထိုင်ဝမ်၌ ၂၅ နှစ်တာကာလအတွင်း အပြင်းထန်ဆုံးလှုပ်ခဲ့သည့်ငလျင်လည်းဖြစ်ကြောင်း ပြောကြသည်။

ထိုင်ဝမ်မီးသတ်ဌာနက ပျောက်ဆုံးနေသူ အရေအတွက်မှာ နိုင်ငံခြားသားလေးဦး အပါအဝင် ၁၈ ဦးရှိကြောင်း ပြောကြားခဲ့သည်။

နောက်ထပ်လူခြောက်ဦးသည်လည်း တောင်တက်လမ်းတွင် ပျောက်ဆုံးနေပြီး လူ ၄၅ ဦးပါ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ၎င်းတို့ထံရောက်ရှိရန် ကြိုးပမ်းနေကြောင်းလည်း၎င်းက ပြော သည်။

ယခုငလျင်သည် ထိုင်ဝမ်၌ ရိုးရာပွဲတော်အ ဖြစ်ကျင်းပလေ့ရှိသည့် ဘိုးဘွားများ၏အုတ်ဂူများအား သန့်ရှင်းရေးလုပ်သည့်ပွဲတော်အတွက် ရက်ရှည် အားလပ်ရက် မ တိုင်မီတစ်ရက်အလို၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သည် ငလျင်ဒဏ်ခံရနိုင်ခြေများသော ကျွန်းစုနှစ်ခု၏ ဆုံမှတ်အနီးတွင်တည်ရှိပြီး ထိုင်ဝမ်တောင်ပိုင်းတွင်လည်း ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၁,၉၉၉ ခုနှစ်မှာမူ ရစ်ခ်တာစကေး ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် လည်း လူ ၂,၀၀၀ ကျော်သေဆုံးခဲ့သည်ဟုသိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here