ဈေးကွက်အတွင်း ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်ကြရန် ကျန်းမာ‌ရေး ဝန်ကြီး တိုက်တွန်း

0
146

ပြည်သူလူထုအနေဖြင့် စံချိန်စံညွှန်းမီ ဆေးဝါးများအသုံးပြုနိုင်စေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများပြတ်လပ်မှု မရှိစေရေး၊ ဆေးဝါးများ၏ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေးကို ဧပြီ (၄) ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်း ဖြစ်ခဲ့သည်။

အစားအသောက်ကွင်းဆက်တလျောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူကာ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် သက်ဆိုင်ရာဌာနအသီးသီး၏ တာဝန်နှင့်ဝတ္တရားများ တိကျ စွာခွဲခြားသတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျ င်းပသွားရန်ရှိကြောင်းလည်း သိရသည်။

အာဏာပိုင် အဖွဲ့အနေဖြင့် ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့်အညီ လမ်းညွှန်ချက်များ၊ မူဝါဒများ၊ စည်းကမ်းချက်များကို ချမှတ်ပေးမှသာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အ ရည်အသွေးပြည့်မီရေးအတွက် သက်ဆိုင်ရာဦးစီးဌာနအလို က် အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ဝိုင်းဝန်းဆွေး နွေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့အတွင်းရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ လက်ရှိဆောင်ရွက်ဆဲ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသ ည်။

ထို့အပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိင်္ဂီဇင်က တရားမဝင် အ စားအသောက်/ ဆေးဝါး/ ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here