ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရ

0
283

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရကြောင်း အငှားယာဉ်မောင်းများ၏ပြောပြချက်အရ သိရသည်။

” ဆီကဆိုင်တိုင်းမရဘူး။ ‌မနေ့ညကစပြီး ပြန်တန်းစီ‌နေရတယ်။ မရတဲ့ဆိုင်တွေက များတယ်။ လိုသလောက်တော့ရောင်းပေးတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသ ည်။

ယနေ့ရန်ကုန်ရှိ စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂,၇၉၅၊ ၉၅ တစ်လီတာ ကျပ် ၂၉၁၅ ၊ ဒီဇယ်တစ်လီတာ ကျပ် ၂,၄၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၄၄၅ ဖြစ်ကြောင်း ယင်းဈေးနှုန်းသည် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

ထို့ပြင် မကြာခင်သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလရောက်တော့မည်ဖြစ်သည့်အတွက် ခရီးသွားမည့်သူများပြားနေခြင်းကြောင့် ကြိုတင်ဆီဖြည့်၍ ဝယ်ယူမှုများရှိနေကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည်မြင့်တက်နေပြီး ယနေ့ ဧပြီလ ၄ ရက်တွင် 92 Ron တစည် ၁၀၂ ဒသမ ၀၁ ဒေါ်လာ၊ 95 Ron ၁၀၆ ဒသမ ၃၆ ဒေါ်လာ၊ 10 PPM တစည် ၁၀၇ ဒသမ ၆၆ ဒေါ်လာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here