နဂါးနှစ်ကောင် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန စီစဉ်နေမှုကို နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသွားရောက်ဖြည့်ဆည်း
မိုင်းဖုန်းဆရာတော်လည်း ကြွရောက်နေ

0
189

တာချီလိတ်မြို့ ၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နဂါးနှစ်ကောင် ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၈)ရက်၊ ကြာသပတေးနေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဘဝနတ္ထံပျံတော်မူချိန်တွင် သက်တော် (၉၆)နှစ်၊ ဝါတော် (၇၇) ဝါ ရှိပြီဖြစ်သည့် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား ဧပြီလ (၆) ရက်တွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ယနေ့ ဧပြီလ (၅) မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မ ကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာ စရိ ယ ဘဒ္ဒန္တ ဉာဏသံဝရ တို့အားဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ကြီးများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိ နှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here