ဥရောပသမဂ္ဂ လေပိုင်နက်အတွင်း ရုရှားခရီးသည်များ ဖြတ်သန်းသွားလာခြင်းကို ပိတ်ပင်ရန် ယူကရိန်းတောင်းဆို

0
227

ဥရောပ သမဂ္ဂနိုင်ငံများ၏ လေပိုင်နက်တွင် ရုရှားနှင့် ဘီလာရုစ် လေယာဉ်များကို ပိတ်ပင်တားမြစ်ရုံမျှမက ယင်းနှစ်နိုင်ငံမှ ခရီးသည်များဖြတ်သန်းသွားလာခြင်းကိုပါ ပိတ်ပင်တားမြစ်ရန်ရန် ယူကရိန်းဝန်ကြီးချုပ် Denis Shmygal က ဥရောပသမဂ္ဂအား တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ရဲ့ အကြံအစည်ကတော့ ရုရှားစီးပွားရေးလုပ်ငန်းတွေနဲ့ ရုရှားခရီးသွားဧည့်သည်တွေကို EU ကောင်းကင်ယံမှာ သက်တောင့်သက်သာ အသုံးပြုသွားလာခြင်းမှ တားဆီးရန်ဖြစ်ပါတယ်” ဟု ယူကရိန်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ “အီးယူကောင်းကင်ယံဟာ ရုရှားလေကြောင်းလိုင်းတွေကို ပိတ်ထားပါတယ်၊ ဒါပေမယ့် ရုရှားနိုင်ငံကို အသွားအပြန် ပျံသန်းတဲ့ ဘယ်လေကြောင်းလိုင်းကိုမဆို ဖြတ်သန်းသွားလာခွင့် ထပ်ပိတ်ဖို့ ကျွန်တော်တို့ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပိတ်ဆို့အရေးယူမှုများကို ဥရောပကော်မရှင်က သဘောတူလာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Shmygal က ဆိုသည်။

အီးယူသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းစစ်ပွဲများ စတင်ပြီးနောက် ရုရှားလေကြောင်းများအားလုံးကို အီးယူလေပိုင်နက်တွင် ပိတ်ပင်ခဲ့သည်။ ၂၀၂၁ ခုနှစ် နွေဦးကလည်း ဘီလာရုစ်လေကြောင်းလိုင်းများအပေါ် အလားတူ ကန့်သတ်မှုများ ပြုလုပ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here