သင်္ကြန်ကာလတွင် အသုံးပြုမည့် တေးသီချင်းများအတွက် အခမဲ့ သုံးစွဲခွင့်ပြုရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံ

0
242

မကြာခင်ကျင်းပမည့် သင်္ကြန်ကာလတွင် အသုံးပြုမည့် တေးသီချင်းများအတွက် အခမဲ့သုံးစွဲခွင့်ပြုရန် မူပိုင်ခွင့်ရှိသူများထံ ပြန်ကြားရေးဝန်ကြီးဌာနမှမေတ္တာရပ်ခံထားသ ည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်သည်။

ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆ င့် အဖွဲ့အစည်းများ/ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်း လျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ အ များပြည်သူဖျော်ဖြေရေးအတွက် ရည်ရွယ်ဆောင်ရွက်သော အထက်ပါနေရာများ၌ သီဆိုဖျော်ဖြေခြင်း၊ ထုတ်လွှင့်ဖော်ပြခြင်းများတွင် ပါဝင်သည့် တေးသီချင်းများအားမေတ္တာဖြင့် အခမဲ့သုံးစွဲခွင့်ပြုနိုင်ရန် မူပိုင်ခွင့်ရှိသည့် ပညာရှင်ကြီးများကို လေးစားစွာမေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here