၃ရက်ဆက်တိုက်မနက်(၉) နာရီမှ ညနေ (၃) နာ ရီအထိ မီးပျက်မည်ဟု သင်္ဃန်းကျွန်း YESC အသိပေးထား

0
116

ယနေ့ ဧပြီလ (၆) ရက်မှ ဧပြီလ (၈) ရက်အထိ နံနက် (၉) နာ ရီမှ ညနေ (၃) နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ် ကြောင်း သင်္ဃန်းမြို့နယ် YESC ရုံးမှ အသိပေးကြေညာထားသည်။

33kV သင်္ဃန်းကျွန်းကြီးပွားရေး မြောက်ခွဲရုံသို့ ဓာတ်အားပေးထားသည့် ငမိုးရိပ်ချောင်းကျော် ဓာတ်အားလိုင်းကြိုး ဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဥ်အချိန်တွင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ် သည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ကြုံတွေ့နေရပြီး လျှပ်စစ်မီးအသုံးပြုသူ အများပြည်သူများမှာ အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ် YESC အနေဖြင့် လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်ကိုသာ ထုတ်ပြန် ကြေညာထားပြီး လျှပ်စစ်မီး ပြတ်တောက်မည့် နေရာများကို ထည့်သွင်း ဖော်ပြထားသည်ကို မတွေ့ရပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here