ကယန်းဖိုက်တာမယ် ဗရော်နီကာ အမေရိကန်သွားရခြင်း အကြောင်းရင်းက ဘာဖြစ်မလဲ

0
161

မြန်မာပြည်ဖွား ၊ ကယန်းဖိုက်တာမယ် ဗရော်နီကာသည် အမေရိကန်နိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက် ထွက်ခွာသွားခဲ့ပါတယ်။

သူမ အမေရိကန်နိုင်ငံကို မထွက်ခွာမီ ရက်ပိုင်းအလိုမှာ က ချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား MMAဖိုက်တာ ထိယယ်ထန်တို့နဲ့ အမေရိကန်နိုင်ငံမှာ တွေ့ဆုံမယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေး သားမျှဝေခဲ့ပါတယ်။

အဲဒီလို ရေးသားမျှဝေခဲ့ရာကတဆင့် ဗရောနီကာတစ်ယော က် One Championship နဲ့ လက်တွဲတော့မယ်ဆိုတဲ့သတင်း ပျံ့နှံ့လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ သူမအမေရိကန်သွားရခြင်း အကြောင်းကို ဗရောနီကာက ပြန်လည်ရှင်း လင်းလာပါတယ်။

သူမရဲ့ အမေရိကန်နိုင်ငံခရီးစဉ်ဟာ ပွဲသွားထိုးခြင်းမဟုတ်ဘဲ ကယန်းအမျိုးသားနေ့ ဖိတ်ကြားမှု ကြောင့် သွားရောက်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“US သွားတာ ပွဲသွားထိုးတာ မဟုတ်ဘူးနော်။ US မှာရှိတဲ့ ကျွန်တော်တို့ ကယန်းလူမျိုးတွေက ကယန်း အမျိုးသားနေ့အတွက် ကျွန်တော့်ကို ဖိတ်ကြားထားလို့ သွားရောက် Sup port တာပါနော်။ သတင်းတွေက အမျိုးမျိုးရေးနေကြတော့ သိအောင်ရှင်းတာပါ။ မျှော်နေကြမှာဆိုးလို့”ဟု ဗရော်နီကာက သူမရဲ့ လူမှုကွန်ရက်ကနေ ပြန်လည်ရှင်းလင်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here