နေအပြည့်ကျပ်မှုဖြစ်စဉ်ကြည့်ရန်ခရီးသွားများ ဝင်ရောက်မူများလာနိုင်တာကြောင့် နယူးဟမ့်ရှိုင်းယား တွင်ပြင်ဆင်မှုများ လုပ်ဆောင်

0
125

တနင်္လာနေ့မှာ ဖြစ်ပေါ်မယ့် နေအပြည့်ကျပ်မှုဖြစ်စဉ်အတွက် နယူးဟမ့်ရှိုင်းယားပြည်နယ်ကို ခရီးသွားဧည့်သည်တွေ အလုံအရင်းနဲ့ ဝင်ရောက်လာနိုင်တာကြောင့် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှသည် အုပ်ချုပ်ရေးမှူးရုံးပါမကျန် လူတိုင်းက ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြကြောင်း သိရပါတယ်။

နေကြတ်ဖြစ်စဉ်အတွက် နယူးဟမ့်ရှိုင်းယားကို ဧည့်သည်တွေ ဘယ်လောက်များများ ဝင်ရောက်လာနိုင်သလဲဆိုတာကို အရေအတွက်တိကျစွာသတ်မှတ်ဖို့ ခက်ခဲတယ်လို့ ပြည်နယ်အုပ်ချုပ်​ရေးပိုင်းတွေက ပြောဆိုပါတယ်။

 ပြည်နယ်တွင်းက မြို့ရွာတွေရှိ ဟိုတယ်၊ မိုတယ်တွေမှာ အခန်းကြိုတင်မှာယူထားမှု ၁၀၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ စခန်းချနေထိုင်မယ့်သူတွေ သို့မဟုတ် နေ့ချင်းပြန်လာရောက်မယ့် ခရီးသွားတွေကို ထည့်တွက်မထားသေးဘူးလို့ သိရပါတယ်။

 ပြည်နယ်အရာရှိတွေအတွက် ထောက်ပံ့ပို့ဆောင်ရေးပိုင်းနဲ့ ပြင်ဆင်စရာတွေ များစွာရှိနေပြီး အဆိုပါဧည့်သည်တွေဟာ ပြည်နယ်ရဲ့ ကျေးလက်ဒေသအများစုသို့ စုပြုံရောက်ရှိလာကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

နေကြတ်လမ်းကြောင်း ဒေသများထဲမှ တစ်ခုဖြစ်တဲ့ ကိုးလ်ဘရွတ်မြို့အာဏာပိုင်တွေအနေနဲ့ ရှေးဦးသူနာပြုစုတဲ့စခန်းတွေ တည်ထောင်ထားပြီး တတ်နိုင်သမျှ ထိရောက်စွာဖြည့်ဆည်းနိုင်ဖို့အတွက် ဒေသတွင်း ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ မြို့စီမံအရာရှိက ပြောဆိုပါတယ်။

နေကြတ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ပြင်ဆင်မှုတွေလုပ်နေခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ခရစ် ဆန်နူနူက ပြောဆိုပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ကြီးမားစွာဖြစ်နိုင်ပြီး လူတိုင်းစိတ်ရှည်သည်းခံကြဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

နေကြတ်ဖြစ်စဉ်ဟာ မြောက်အမေရိကကို တနင်္လာနေ့မှာ ဖြတ်ကျော်သွားမှာဖြစ်ပြီး နေမျက်နှာပြင်ကို လက ပိတ်ဆို့ထားစဉ် နေ့ခင်းဘက်ကောင်းကင်ယံ ယာယီမှောင်မိုက်သွားတဲ့ ရှားပါးဖြစ်စဉ်ကို လူသန်းပေါင်းများစွာ ကြည့်ရှု့နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို မက္ကဆီကိုနိုင်ငံ၊ အမေရိကန်ပြည်နယ် ၁၅ ခုနဲ့ ကနေဒါနိုင်ငံ အရှေ့ပိုင်း အစိတ်အပိုင်းအနည်းငယ်ကနေ အပြည့်အဝမြင်တွေ့နိုင်မှာဖြစ်ပြီး အမေရိကန်ကုန်းမကြီးရဲ့ အခြားပြည်နယ်အားလုံးအနေနဲ့တော့ နေတစ်စိတ်တစ်ပိုင်းကြတ်မှုကို မြင်တွေ့ကြရမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: WMUR, NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here