ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာများကို CI ထုတ်ပေးမှုအားတလခွဲအတွင်း ၁၆၀၀၀၀ ကျော်ဆောင်ရွက်ပေးပြီးဖြစ်

0
153

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေးစခန်း ငါးခုနှင့် Mobile Unit သုံးခုကို ဖေ ဖော်ဝါရီ (၂၃) ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ (၄) ရက်အထိ ၁၆၀၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြော င်း ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ  အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။

ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်ရရှိရေး ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြ ပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀ ၂၄) တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

CI စခန်းများတွင် ဝင်ငွေခွန်ကောက်ခံခြင်းလုပ်ငန်းစဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအ လုပ်သမားများ၏ သတ်မှတ်ထားသောလုပ်ခလစာ၊ ဥပဒေပါအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိပြီး မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတဆင့် မိသားစုလွှဲပို့ငွေများ ပြန်လည်လွှဲပြောင်းရေးဆောင်ရွက်နိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတဆင့် ပြန်လည်ဝင်ရောက်ခွင့် အစရှိသည့် အကျိုးခံစားခွင့်များလည်း ရရှိနိုင်မည်ဖြစ်ကြောင်းကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသ ည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း လေးနှစ်ပြည့်မြောက်ပြီးသည့် အလုပ်သမားများကို ထို င်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် နေ့ချင်းပြီး ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ OWIC ရိုက်နှိပ်ခြင်းများကို One Stop Service ဖြင့် ဆော င်ရွက်ပေးသည့် MoU U-turn စခန်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် မြဝတီမြို့နှင့် ကော့သောင်းမြို့များ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here