တာချီလိတ်မြို့ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်ကို အန္တိမဈာပန ကျင်းပမည့်နေရာသို့ ပို့ ဆောင်

0
137

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်က ဘဝနတ္ထံပျံလွန်တော် မူခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ကြီး၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါ စရိယအဖွဲ့ဝင် (အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိ တ)ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်‌တော်အား အန္တိမဈာပန ကျင်းပမည့်နေရာသို့ ယနေ့ ဧပြီလ (၆) ရက် နေ့လယ်ပိုင်းတွင်  ပို့ဆောင်ခဲ့ကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

အဆိုပါ ဥတုဇရုပ်ကလပ်‌တော်အား ပင့်ဆောင်ခြင်းအခမ်း အနားတွင် တာချီလိတ်မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်ဘုရားကြီး၏ တပည့်သာဝ ကများ၊ (၇) ရက်သားသမီးများက လိုက်ပါပို့ဆောင်ခဲ့ကြသ ည်ကို ဒေသခံများ မျှဝေထားသည့် ရုပ်သံများမှတဆင့်တွေ့ရသည်။

ဆရာတော်ဘုရားကြီး ဈာပနအခမ်းအနား အောင်မြင်စွာကျ င်းပနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာ ဝန်ရှိသူများ ယမန်နေ့ ဧပြီလ (၅) ရက်က တာချီလိတ်မြို့သို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသ ည်။

ဆရာတော်ဘုရားကြီးသည် ဘဝနတ္ထံပျံလွန်တော် မူချိန်တွင် သက်တော် (၉၆) နှစ်၊ ဝါတော် (၇၇) ဝါ ရှိပြီဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here