ပြည်ပပို့ကုန် ဈေးကွက်မပျောက်စေရေးနှင့် ဈေးကွက်အသစ်များရရှိရေးစီး/ကူးဝန်ကြီး ​ပြော

0
121

ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် တင်ပို့သည့်နိုင်ငံများ ဈေးကွက်မပျောက်စေရေးနှင့် ဈေးကွက်အသစ်နိုင်ငံများရရှိရေး ကြိုးစားဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံကတိုက်တွန်းထားသည်။

ရန်ကုန်ရှိ ဆိပ်ကမ်း (၃) ခုတွင် ပြည်ပသို့ ကုန်စည်တင်ပို့ရန်ကုန်ပစ္စည်းများ သင်္ဘောတင်နေမှုကို သွားရောက်ကြည့်ရှုစဉ်  ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် ဆူးလေဆိပ်ကမ်း၌ အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် MV. MANTA HERTIC သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၆၆၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း၊ မြန် မာစက်မှုဆိပ်ကမ်း (Myanmar Industrial Port-MIP) ၌ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်နှင့် MV. SEIYO HARMONY သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၉၅၀၀ သင်္ဘောတင်နေမှုတို့ကိုသွား ‌ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အပြင် စပိန်နိုင်ငံသို့ တင်ပို့မည့် MV. TURANC သင်္ဘောပေါ်သို့ ဆန်တန်ချိန် ၁၂၀၀၀ သင်္ဘောတင်နေမှုနှင့် Adani ဆိပ်ကမ်း၌ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မည့် MV. Dorg An သင်္ဘောဖြင့် ပြောင်းတန်ချိန် ၆၆၀၀ သင်္ဘောတင်နေမှုတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ တင်ပို့ရာတွင် ဝယ်ယူသည့်နိုင်ငံမှ သတ်မှ တ်ထားသော အရည်အ သွေးစံချိန်စံညွှန်းအတိုင်း တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တင်ပို့သည့်နိုင်ငံများ ဈေး ကွက်မပျောက်စေရေး ထိန်းသိမ်းရန်နှင့် ဈေးကွက်အသစ်နိုင်ငံများရရှိရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွ က်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြား ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်း နှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကု န် ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here