ငွေလဲကောင်တာ (၆) ခုကို လိုင်စင်ထပ်မံ ရုတ်သိမ်း

0
130

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer (၆) ခုကို ဧပြီ (၅) ရက်တွင် လိုင်စင်ထပ်မံ ရုတ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ငွေလဲကောင်တာ (၆) ခုမှာ New World Financial Group of Co.,ltd ၊ G.S.T Travels & Tours Co.,ltd ၊ Prima Win Co.,ltd ၊ Great Jewel Star Co.,ltd ၊ Shwe D P Co.,ltd ၊ JMJ International Co.,ltd တို့ဖြစ်ပြီး ဧပြီ (၅) ရက်မှစတင်ကာ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်အား ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer (၁၇) ခုအား လိုင်စင်ရုပ်သိမ်းခြင်း၊ Money Changer (၅) ခုအား လိုင်စင်သုံးလ ဆိုင်းငံ့ခြင်းနှင့် Money Changer (၆) ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Mon ey Changer  (၂၈) ခုအား တစ်လအတွင်းအရေးယူဆောင် ရွက်ထားပြီးဖြစ်သည်။

ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မ တ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ (၆) ရက်မှစတင်၍ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here