အင်းလေး ရေပေါ်သင်္ကြန် ကျင်းပမည်

0
137

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အနေဖြင့် ရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။

အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန်၂၀၂၃ ခုနှစ်တွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပြန်လည် ကျ င်းပခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင်လည်း အင်းလေး ရေပေါ်သင်္ကြန်ပွဲ တော်တွင် ရိုးရာအကအလှ ဖျော်ဖြေမှုများ စတုဒီသာကျွေး မွေးဧည့်ခံမှုများကို ဧပြီ (၁၃) ရက်မှ (၁၆) ရက်အထိ စည် ကား သိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် အင်းလေး ဖော င်တော်ဦး ဘုရားဖူးလာရောက်လည်ပတ်၍ အင်းလေးရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်ထားသည်။

အင်းလေးကန်၏ သဘာဝအလှအပများနှင့်ဌာနေတိုင်းရင်း သားတို့၏ လှေကို တမူ ထူးခြားစွာခြေဖြင့်လှော်ခတ်ခြင်းစသည့် ဓလေ့စရိုက်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြား ထင်ရှားကျော်ကြားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here