ချောက်မြို့ အပူချိန် ၄၆ ဒီဂရီအထိ မြင့်တက်ပြီး နေပြ ည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသအချို့ (၄၀) ဒီဂရီအထက်တွင် ရှိနေ

0
185

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခြောက်မြို့တွင် ဧပြီလ (၅) ရက်နှင့် ယနေ့ ဧပြီလ (၆) ရက် နှစ်ရက်ဆက်တိုက် အပူချိန်မြင့်တက်လျက်ရှိပြီး (၄၆) ဒီဂရီအထိ မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

ဧပြီလ (၃) ရက်နှင့် (၄) ရက်တို့တွင် ခြောက်မြို့၏ အမြင့်ဆုံး နေ့အပူချိန်မှာ (၄၅) ဒီဂရီဖြစ်ပြီး ဧပြီ (၅) ရက်မှ စတင်ကာ (၁) ဒီဂရီ မြင့်တက်လာခြင်းဖြစ်သည်။

အလားတူ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ အောင်လံ ၊ တောင်တွင်းကြီး မြို့တို့၏ အမြင့်ဆုံးနေ့အပူချိန်မှာ (၄၄) ဒီဂရီ အသီးသီးရှိကြပြီး ပခုက္ကူမြို့တွင် (၄၂) ဒီဂရီ ရှိကြောင်း မိုးဇ/လက အသိပေးထားသည်။

ထို့အပြင် နေပြည်တော် ရေဆင်းတွင် (၄၂) ဒီဂရီ၊ တပ်ကုန်း၊ ပျဉ်းမနား၊ ဧလာ တို့တွင် (၄၁) ဒီဂရီ နှင့် မန္တလေးတိုင်း မန္တလေးမြို့ ၊ မိတ္ထီလာမြို့တို့တွင် (၄၃) ဒီဂရီ ၊ မြင်းခြံနှင့် ညောင်ဦးမြို့တို့တွင် (၄၄) ဒီဂရီ ၊ ရမည်းသင်းနှင့် ကျောက်ဆည်မြို့တို့တွင် (၄၂) ဒီဂရီ အသီးသီး ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ တွင် (၄၀) ဒီဂရီ ၊ ရွှေဘိုမြို့တွင် (၄၁) ဒီဂရီ ၊ မုံရွာမြို့တွင် (၄၂) ဒီဂရီနှင့် စစ်ကိုင်းမြို့တွင် (၄၃) ဒီဂရီ အထိ ရှိကြောင်း သိရသ ည်။

အလားတူ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သာယာဝတီမြို့တွ င် (၄၀) ဒီဂရီ ၊ ရွှေကျင်နှင့် ဇောင်းတူမြို့တွင် (၄၁) ဒီဂရီ၊ တောင်ငူမြို့တွင် (၄၂) ဒီဂရီနှင့် ပြည်မြို့တွင် (၄၃) ဒီဂရီအထိ ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း အမြင့်ဆုံး နေ့အပူချိန်များမှာ ကမ္ဘာအေးတွင် (၃၉) ဒီဂရီ၊ ရန်ကုန်မြို့တွင်းနှင့် မှော်ဘီ၊ မင်္ဂလာဒုံ၊ ခရမ်းမြို့နယ်တို့တွင် (၃၈) ဒီဂရီ အထိ ရှိကြောင်း သိရသ ည်။

အလားတူ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့တွင် (၄၀) ဒီဂရီ ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် (၄၀) ဒီဂရီ ၊ ရခိုင်ပြည်နယ် အမ်းမြို့တွင် (၄၀) ဒီဂရီ အသီးသီး အပူချိန်များ မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယခု ဧပြီလအတွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် နေ့အပူချိန်များ ဆက်လက်မြင့်တက်နေဦးမည် ဖြစ်သည့် အတွက် အပူကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးဆိုင်ရာ ဆိုကျိုးများ ဖြစ်ပေါ်ခြင်းမရှိစေရန် ဂရုပြုနေထိုင်ကြရန်အတွက်လည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးလမ်းညွှန်မှုများ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here