ဧပြီ ၈ မှ ၁၁ ရက် အတွင်း မိုးကြိုးမုန်တိုင်းများ အထူးသတိထားရန် ထိုင်းတွင်နိုး​ဆော်

0
106

ထိုင်းနိုင်ငံ၏ မြောက်၊ အရှေ့မြောက်၊ အလယ်ပိုင်းနှင့် ဘန်ကောက်မြို့တို့တွင် ဧပြီလ ၈ ရက်မှ ၁၁ ရက်အတွင်း မိုးကြိုးမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်ခြင်းအပါအဝင် နွေရာသီမုန်တိုင်းများ သတိထားကြပါရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

အထူးသဖြင့်နိုင်ငံ၏​မြောက်ပိုင်းတွင်​နေထိုင်သူများနေအဖြင့် ကွင်းပြင်နေရာများသို့ထွက်ခြင်း၊ သစ်ပင်ကြီးများနှင့် လုံခြုံစိတ်ချရမှုမရှိသော ကြော်ငြာဘုတ်များနားတွင်ရှိ​နေခြင်းများ မပြုမိရန်နှင့်​ကောက်ပဲသီးနှံတို့မပျက်စီး​စေ​ရေးကြိုတင်သတိထား ကာကွယ်သင့်​ကြောင်း သတိ​ပေးထားသည်။

Source: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here