အူအတက်ပေါက်သဖြင့် ခွဲစိတ်ကုသမှုခံယူနေသည့် မြန်မာ့လက်ဝှေ့ဖိုက်တာ သန့်စင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

0
153

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ONE Championship ပွဲစဉ်တွင် ဒုတိယ ခေါင်တွဲဆိုင်းအနေဖြင့် ထိုင်းဖိုက်တာနှင့် ထိုးသ-တ်ခါနီး နာရီပိုင်းအလိုမှာပင် အူအတက်ပေါက်ကာ ခွဲစိတ်မှု ခံယူခဲ့ရသည့် မြန်မာ့လက်ဝှေ့ ဖိုက်တာ သန့်ဇင်သည် လက်ရှိတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်သက်သာလာသော်လည်း ၎င်းအနေဖြင့် ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ရန် (၆)လမှ (၉) လကြာအထိ အနားယူရန်လိုအပ်ပြီး စနစ်တကျပြန်လည် လေ့ကျင့်ပြင်ဆင်ရမည့် အခြေအနေလည်း ဖြစ်သည်။

သန့်ဇင်သည် မတ်လ(၂၉) ရက် ညပိုင်းက One Championship မှ ကျင်းပသည့် One Friday Fight – 57 ပွဲစဥ်၌ မွေထိုင်းဖိုက်တာနှင့် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်ရန် စီစဉ်ထားသော်လည်း အူအတက်ပေါက်သည့် ဝေဒနာ‌‌ေကြာင့် ပြိုင်ပွဲနှင့် လွဲ‌ချော်ခဲ့ရသည်။

အဆိုပါ ပွဲစဉ်တွင် မြန်မာ့လက်ဝှေ့ဖိုက်တာ နှစ်ဦးဖြစ်သည့် စိုးလင်းဦးနှင့် မိုးထက်အောင်တို့သည် ပြိုင်ဘက်ကစားသမားများကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီး၊ မိုးထက်အောင်မှာ ONE က ချီးမြင့်သည့် အပိုဆုကြေး ဘတ်သုံးသိန်းခွဲကို ရရှိခဲ့သည်။

သန့်ဇင်သည်လည်း သူ၏ ပထမပွဲစဉ်တွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရကာ ONE က ချီးမြင့်သည့် အပိုဆုကြေး ဘတ်သုံးသိန်းခွဲကို ရရှိခဲ့ဖူးသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here