မုံရွာမြို့နယ်တွင် စာမတတ်သူပပျောက်ရေးအတွက်စာသင်ဝိုင်း(၁၈)ဝိုင်း၊ နည်းပြဆရာ(၁၈)ဦး၊ တို့ဖြင့် သင်ကြားမည်

0
82

မုံရွာခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ (၁၁,၈၇၁)ဦးရှိကြောင်း မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ၏ ပြောကြားချက်အရ သိရသည်။

အခြေခံစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ (၅)ရက် နံနက်ပိုင်းက မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပစဥ် မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မုံရွာခရိုင်အတွင်း စာသင်ဝိုင်း (၃၁) ဝိုင်းဖြင့် စာသင်သား (၅၂၇) ဦးကို မြို့နယ်အလိုက် စာသင်ဝိုင်းများတွင် ဧပြီလ (၈) ရက်မှစ၍ နေ့စဉ် မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ စာသင်ချိန်(၁)ချိန်လျှင် မိနစ် (၅၀) နှုန်းဖြင့် ရက်ပေါင်း (၄၀) ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“စာသင်ဝိုင်းပြုလုပ်မယ့် နေရာတွေမှာ လုံခြုံမှုရှိစေဖို့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့နဲ့ ၂၀၂၄ ခုနှစ်မှာ ဆောင်ရွက်မယ့် မုံရွာခရိုင်အတွင်း ကျေးလက်ဒေသနေ ပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်စေဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုနဲ့ မြို့နယ်စီမံအု ပ်ချုပ်ရေးအဖွဲ့တွေ ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေနဲ့အားလုံးပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဇော်တင်မိုးက ပြောသည်။

မုံရွာခရိုင်အဆင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို ကော်မတီဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး မုံရွာမြို့နယ်တွင် စာသင်ဝိုင်း(၁၈)ဝိုင်းရှိပြီး စာသင်သား ကျား(၁၁၃)ဦး၊ မ(၁၈၇)ဦး၊ စုစုပေါင်း (၃ဝဝ)ဦးတို့အား နည်း ပြဆရာ(၁၈)ဦး၊ ကြီးကြပ်(၆)ဦးတို့ဖြင့် သင်ကြား ပို့ချရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here