ဓ-ါးစာခံသဘောတူညီချက်ရရေး ဟားမတ်စ်ကိုဖိအားပေးဖို့အီဂျစ်နှင့်ကာတာကိုဘိုင်ဒင်တိုက်တွန်း

0
137

ဝါရှင်တန်၊ဧပြီ ၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်နေတန်ယာဟုနှင့်တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေးအား နှစ်ဆတိုး၍ အကောင်အထည်ဖော်ဆောင်စေလိုကြောင်းပြောကြားခဲ့သကဲ့သို့ ဟားမတ်စ်အား ဓ-ါးစာခံများအတွက် သဘောတူညီချက်ကိုဆောင်ရွက်ရန် တိုက်တွန်းပေးဖို့လည်း အီဂျစ်နှင့်ကာတာတို့ထံ စာများ ပေးပို့ခဲ့သည်ဟုသိရသည်။

အမေရိကန် နိုင်ငံတော် လုံခြုံရေးအကြံပေးသည် တနင်္လာနေ့၌ ဂါဇာ၌ ထိန်းသိမ်းခံထားရဆဲဟုယူဆရသည့် ဓ-ါးစာခံအယောက် ၁၀၀ ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဟားမတ်စ်က အစ္စရေးအားစတင်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၂၀၀ ဦး ထက်မနည်း‌ေ-သဆုံးပြီး ဓ-ါးစာခံ ၂၅၀ ဝန်းကျင်ကိုခေါ်ဆောင်သွားခဲ့သည်။၎င်းတို့အနက် ၁၃၀ ခန့်သည် ဂါဇာ၌ကျန်ရှိနေဆဲဖြစ်သည်။

အဆိုပါလုပ်ရပ်ကို အစ္စရေးတို့က  စစ်ပွဲဖြင့် တုံ့ပြန်ခဲ့ပြီး ယနေ့အထိ လူပေါင်းသုံးသောင်းကျော်‌ေ-သဆုံးခဲ့သည်။ ‌ေ-သဆုံးသူများအနက်အများစုမှာ အမျိုးသမီးများနှင့်က-လေ-းငယ်များဖြစ်သည်ဟုလည်း ဟားမတ်စ်ကပြောကြားခဲ့သည်။

အစ္စရေး၏လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဂါဇာအရပ်သားများသာမက ပြီးခဲ့သည့်ရက်ပိုင်းကလည်းနိုင်ငံတကာထောက်ပံ့ရေးအသင်းအဖွဲ့များ၏ ထောက်ပံ့ရေးလုပ်သား‌များသေဆုံးခဲ့ရာ အစ္စရေးကို နိုင်ငံတကာဖိအားများလည်းမြင့်တက်လာခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here