မုံရွာမြို့နယ်တွင်ပဲတီစိမ်း တစ်ဧကလျှင် ၁၆တင်း၊မတ်ပဲတစ်ဧကလျှင် ၁၃တင်း နူန်းထွက်ရှိ

0
86

မုံရွာမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဆောင်းသီးနှံ ပဲတီစိမ်းနှင့် မတ်ပဲဧက (၁၄၀၀၀)ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။

မုံရွာမြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ပဲတီစိမ်းဧက (၉၅၃၈) နှင့် မတ်ပဲ (၄၆၃၉)ဧကရိတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။

ရိတ်သိမ်းခဲ့သော ပဲတီစိမ်း တစ်ဧကလျှင် ၁၆ ဒသမ ၄၀ တင်း ထွက်ရှိခဲ့ပြီး မတ်ပဲတစ်ဧကလျှင် ၁၃ ဒသမ ၇၈ တင်းထိ ထွက်ရှိကြောင်း သိရသည်။

“ဆောင်းသီးနှံတွေ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့အတွက် မစိုက်ခင် အချိန်ကနေ လက်ရှိအချိန်ထိ တောင်သူတွေနဲ့ ဌာနပေါင်းစပ်ဆောင်ရွက်ခဲ့ပါတယ်”ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောသည်။

မုံရွာမြို့နယ်၌ သီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံများအားလုံး လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ပဲတီစိမ်းနှင့် မတ်ပဲများ အထွက်နှုန်းတိုးတက် ကောင်းမွန်စေရေး၊ အရည်အသွေးကောင်း ပဲများစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်းသီးနှံစို က်ပျိုးစရိတ်ချေးငွေများရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“မတ် ပဲအပါအဝင် ဆောင်းသီးနှံတွေလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနကလိုအပ်တာတွေကို စနစ်တကျစီမံဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးပြီးဆောင်းသီးနှံတွေ အောင်မြင်ဖြစ်ထွန်းပြီး အထွက်ကောင်းမွန်စေဖို့ကိုလဲ ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က ပြောသည်။

မုံရွာမြို့နယ်တွင် ဆောင်းသီးနှံများ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးကုမ္ပဏီများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here