မလေးရှားတွင် ခရီးသည်တင်ကားတိမ်းမှေ-ာက်ရာမှ ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား ယနေ့တွင် သင်္ဂြိုဟ်မည်

0
142

မလေးရှားနိုင်ငံ၊ အဝေးပြေး လမ်းတစ်နေရာတွင် ခရီးသည်တင်ကားတိမ်းမှေ-ာက်ရာမှ ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား ယနေ့ ဧပြီ(၇)ရက် နံနက်ပိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေရှား)ထံမှ သိရသည်။

‌ေ-သဆုံးသူမှာ အသက်(၂၉)နှစ်အရွယ် ကိုဌေးမင်းအောင် ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွမ်တန်းမြို့၌ အလုပ်လုပ်ကိုင်နေစဉ် ပြီးခဲ့သည့် မတ် (၂၉) ရက်က ခရီးသည်တင်ကားတိမ်းမှေ-ာက်ရာတွင် ပါဝင်ခဲ့ပြီး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

‌ေ-သဆုံးသူ ကိုဌေးမင်းအောင်သည် မြန်မာနိုင်ငံ မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ သရင်းတောကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

‌ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်၍ ယနေ့တွင် မလေးရှားနိုင်ငံ၊ ချဲရပ်သုသာန်၏ ဂျလန်ကွာလီ၌ မြန်မာလူမှု ကူညီရေးအသင်း(မလေးရှား) မှ ဦးဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – လူမူကူညီရေးအသင်း(မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here