ပြည်ကြီးတံခွန်မြို့နယ်ရှိ စက္ကူစက်ရုံတွင် ယနေ့နံနက်က မီးလောင်မှုဖြစ်ပွား

0
120

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၆၈)လမ်း၊ (၁၂၅) လမ်းနှင့် (၁၂၆) လမ်းကြားရှိ စက္ကူစက်ရုံတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ ဧပြီ (၇) ရက်၊ နံနက် (၁)နာရီ (၅)မိနစ် အချိန်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းအပါအဝင် Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ နယ်မြေခံ မီးသတ်ကားများနှင့်အတူ မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးအလင်းရောင်ရရှိရေး၊ ရေရရှိရေး၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting) ၊ ရေဘောက်ဆာယာဉ်ဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၃)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးအသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here