ရပ်ထားသည့် Canter ယာဉ်အား အိမ်စီးကားမှ အရှိန်လွန်ဝင်ရောက်တို-က်မိပြီး ယာဉ်မောင်းသူပြင်းထန်ဒဏ်ရာရ

0
95

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ညအိပ်ရပ်နားထားသည့် Canter ယာဉ်အား အိမ်စီးကား တစ်စီးမှ အရှိန်လွန်ဝင်ရောက်တို-က်မိရာမှ ယာဉ်မောင်းညပ်နေသည့် အတွက် ကယ်ထုတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ (၇)ရက် နံနက် အစောပိုင်း (၁) နာရီ ဝန်းကျင်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ သံသုမာလမ်းနှင့် သိပ္ပံလမ်းအနီး ညအိပ်ရပ်နားထားသည့် Canter ယာဉ်အား အရှိန်လွန်ပြီး အနောက်မှဝင်တို-က်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဝင်တို-က်မိခဲ့သည့်အတွက် ယာဉ်မောင်းမှာ ယာဉ်အတွင်းညပ်နေခဲ့ရာ သုဝဏ္ဏပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“အရှိန်လွန်ပြီး ဝင်တို-က်မိတာ ညအိပ်ရပ်ထားတဲ့ကားကို အိမ်စီးကားက တိုက်မိတာ ယာဉ်မောင်း အမျိုးသား အနီရောင်အဆင့်လို့ ပြောတယ်။ ယာဉ်ထိန်းရဲတွေလည်း ရောက်လာပြီး လိုအပ်တာတွေ လုပ်ပေးရတာပေါ့။ ကားကိုလည်း ကရိန်းနဲ့ ဆွဲသွားရတာပေါ့”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်ကြောင့် ညပ်မိနေသော ယာဉ်မောင်းအား အချိန်နှင့် တပြေးညီ ကြိုးစားထုတ်ယူခဲ့ရာ ဦးခေါင်ထိခိုက်၊ သွားကျွ-တ်ထွက် အနီရောင်အဆင့်လူနာ ယာဉ်မောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ပြီး လူနာမိသားစုဝင်များထံ ဆက်သွယ်ချိတ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here