စစ်ကိုင်းမြို့ရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

0
172

စစ်ကိုင်းခရိုင်အတွင်းသို့ရောက်ရှိနေသော တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ (၁၀၀၀၀) ကျော်အား ယနေ့ ဧပြီ(၇)ရက်နေ့ နံနက်(၁၁)နာရီ စစ်ကိုင်းမြို့၊ သောတာပန် ရပ်ကွက်ရှိ၊ လေးကျွန်းမာရ်အောင် ဘုရား၊ ဓမ္မဒူတရောင်ခြည် ဓမ္မာရုံတွင် ရိက္ခာဆန်များထောက်ပံ့ ပေးအပ်ခဲ့သည်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့ ရပ်ကွက်များရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူ ပြည်သူ (၉၁၁၂)ဦး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၂၆၆၀) ဦး၊ စုစုပေါင်း (၁၁၇၇၂)တို့အား တစ်ဦးလျှင်(၁)ရက်၊ နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ယနေ့ ဧပြီလ(၇)ရက်တွင် စစ်ကိုင်းမြို့၊ သောတာပန်နှင့် ထုံးဘို ရပ်ကွက်ရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား စတင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်များမှ ကျန်ရှိသည့် တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရိက္ခာဆန်များ ထောက်ပံ့ရာတွင် စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိပြီး နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here