ဆည်ကျိုး၍ လူပေါင်း ၄,၅၀၀ နီးပါးအား ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရဟုရုရှားဆို

0
183

မော်စကို၊ဧပြီ ၇

ဆည်ကျိုးပြီးနောက် ရေလွှမ်းမိုးမှုကြောင့် ရုရှားနိုင်ငံတောင်ပိုင်း ယူရယ်လ် ရှိ အိုရင်ဘတ်ဂ် ဒေသတွင် လူပေါင်း ၄,၅၀၀ နီးပါးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဧပြီလ ၆ ရက်တွင် ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

သောကြာနေ့က ကာဇက်စတန်နယ်စပ်အနီး အော့စ်ခ် မြို့တွင် ဆည်တစ်ခုကျိုးခဲ့ပြီးနောက် အရေးပေါ်ဝန်ဆောင်မှုများ တစ်ညလုံးလုပ်ဆောင်ခဲ့ရသည်ဟုလည်းသိရသည်။

“က-လေ-း ၁,၁၀၀ အပါအဝင် လူပေါင်း ၄,၄၀၂ ဦးအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသလို မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း နေအိမ် ၆,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်း Orenburg ဒေသအုပ်ချုပ်ရေးမှူး၏ သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

သမ္မတဗလာဒီမာပူတင်ကလည်း နိုင်ငံ၏အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီး Alexander Kurenkov အား အဆိုပါဒေသအတွက် လိုအပ်သည်များအားလုပ်ဆောင်ရန်ညွှန်ကြားခဲ့သည်ဟုလည်း ခရင်မလင် ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အာဏာပိုင်များသည် ၂၀၁၄ ခုနှစ်ကတည်ဆောက်ခဲ့သည့် အဆိုပါရေလှောင်တမံကျိုးကျမှုနှင့်ပတ်သက်၍ “ပေါ့ဆမှုနှင့် ဆောက်လုပ်ရေးဘေးကင်းရေးစည်းမျဉ်းများချိုးဖောက်မှု” ဖြင့်အမှုဖွင့်ထားသည်ဟုလည်းဆိုသည်။

ဆည်ကျိုးမှုအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း မြစ်ရေသည်စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ ထပ်မံမြင့်တက်လာပြီး အန္တရာယ်ရှိလာနိုင်သဖြင့် ဒေသခံများအားရွှေ့ပြောင်းပေးနေပြီး နေရာရွှေ့ရန်ငြင်းဆန်နေသူများကိုလည်း ရဲအရာရှိများ၏အကူအညီဖြင့်အတင်းအကျပ်ရွှေ့ပြောင်းပေးမည်ဟုလည်း မြို့တော်ဝန်ကဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here