တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် (၂၂)ဘီးယာဉ် ဘရိတ်ပေါက်ကာ ယာဉ်(၃)စီးအား ဝင်တို-က်မိရာမှ (၄)ဦး အသက်ဆုံးရှုံး

0
102

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် (၂၂)ဘီးယာဉ်သည် ဘရိတ်ပေါက်၍ ယာဉ်(၃)စီးအား ဝင်တို-က်မိရာမှ (၄)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဧပြီ (၇) ရက်၊ ည (၆)နာရီ၊ (၂၅)မိနစ်အချိန်ခန့်က ဒေါင်ဖန်းအမျိုးအစား(၂၂)ဘီးယာဉ်မှာ ဘရိတ်ပေါက်၍ တောင်ကြီး-အေးသာယာ အတက်လမ်းအတိုင်း မောင်းနှင်လာသောယာဉ်(၃)စီးအား ဝင်တို-က်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ည(၇)နာရီခွဲအချိန်တွင် ပြီးစီးခဲ့သည်။

အဆိုပါ ယာဉ်တို-က်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း (၁၂)ဦးအနက် အမျိုးသား(၄)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၎င်းတို့အား အေးမေတ္တာလူမှုကူညီရေးအသင်းနှင့် ရွှေညီအကိုလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်များဖြင့် တောင်ကြီးမြို့၊ စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here