နာဂဒေသ ပန်ဆောင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများ ကြွေကျမှုကြောင့် အဆောက်အဦးများပျက်စီး

0
117

နာဂဒေသ ၊ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် ဧပြီလ (၆) ရက် မွန်းတည့်ပိုင်းက မိုးသည်းထန်ပြီးမိုးသီးများကြွေကျခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ မိုးသီးများ ကြွေကျမှုကြောင့် မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့အုပ်ချုပ်ရေးမှူး နေအိမ်၊ အ.ထ.က ကျောင်းမှဝန် ထမ်းအိမ်ရာ (၃) လုံး၊ KG ဆောင် (၁) လုံး၊ အောင်ဆန်းခန်းမ (၁) လုံး၊ အထက်ရပ်ကွက်စျေးတန်း (၉) လုံး၊ ပန်ဆောင်မြို့မဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ဆေးဆိုင် (၁) ဆိုင်၊စိုက်ပျိုးရေးရုံး၊ ဆက်သွယ်‌ရေးရုံးရှိ အဆောက်အဦများ အ မိုးပေါက်ပြဲ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မိုးသီးဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှု ကာလတန်ဖိုး ငွေကျပ် (၂၁၄ သိန်းကျော် ဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေ ဆုံးမှုမရှိကြောင်း စစ်ဆေးချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here