ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ထွက်ခွာ 

0
192

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဘရော့ဗ်ဟာ ယူကရိန်းစစ်ပွဲအပါအဝင် အ​ရေးကြီးအကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် မြို့တော် ပေကျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ မော်စကိုရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။ 

လက်ဗရော့ဗ်ဟာ တနင်္လာနေ့ကနေ အင်္ဂါနေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဆွေးနွေးမှုတွေဟာ အာရှ-ပစိဖိတ်ဒေသတွင်း အခြေအနေတွေကို လွှမ်းခြုံနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂ၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ အရေးပါသော ထွန်းသစ်စစီးပွားရေးအုပ်စု BRICS နဲ့ စက်မှုဖွံ့ဖြိုးပြီးအုပ်စု G-20 တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုအစီအစဉ်အမှာ ပါဝင်ဖို့မျှော်လင့်ရတယ်လို့လည်း ဆိုပါတယ်။

လက်ဗရော့ဗ်နဲ့ ဝမ်တို့ဟာ အောက်တိုဘာလက ပေကျင်းမှာတစ်ခါ စက်တင်ဘာလအတွင်းက မော်စကိုမှာတစ်ခါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားခဲ့ပါတယ်။ 

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေက ရုရှားကို ဖယ်ကျဉ်ဖို့ ကြိုးပမ်းနေချိန်မှာ တရုတ်ဟာ ပြင်ပကနေကြားနေ​ပေး​နေပေမယ့် ရုရှားကို ကျောထောက်နောက်ခံပေးထားပြီး ကရင်မလင်ရဲ့ အရေးပါဆုံး မဟာမိတ်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။

 Ref: au.news


LEAVE A REPLY

Please enter your comment!
Please enter your name here