မန္တလေး လေပြင်းသဖြင့် သင်္ကြန်ပွဲတော်မုခ်ဦး ပြိုကျ

0
183

လက်ရှိ ရာသီဥတုပူပြင်းနေချိန်တွင် မိုးတိမ်တောင်များကြောင့် စိုက်ဆင်းလေပြင်းအန္တရာယ်ကို ကြိုတင်သတိပြုကြရန် ထုတ်ပြန်လျှက်ရှိသည်။

​ဒေသအ​ချို့တွင် ​လေပြင်းတိုက်မူများ သည် နှစ်စဥ် ယခုအချိန်တွင်ဖြစ်​လေ့ရှိသလို ယခုနှစ်တွင် အယ်လ်နီညို​ကြောင့်ပိုမိုဆိုးမည်ဟုခန့်မှန်းထားကြသည်။ထိုင်း​မြောက်ပိုင်းတွင် မိုးကြိုးမုန်တိုင်းများကိုပါ ကြိုတင်သတိပြုကြရန်တပ်လှန့်ထားသည်။

မန္တလေးမြို့၊ ကျုံးတောင်ဘက်တွင် တည်ဆောက်လျက်ရှိသည့် သင်္ကြန်ပွဲတော်မုခ်ဦးမှာ ဧပြီ (၇) ရက် ည (၇) နာရီကျော်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

အဆိုပါ သင်္ကြန်ပွဲတော်အဝင်မုခ်ဦးသည် ပြိုလဲပြီးနောက် လမ်းပေါ်ရှိ ယာဉ် (၂) စီးပေါ် ပိမိခဲ့ရာ  သက်ဆိုင်ရာဌာနများမှ ချက်ချင်းပင် လာရောက် ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here