သဲဖြူ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတဦးစီး၍ ဗဿနိုးမြို့ဟောင်းတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲကျင်းပ

0
1115

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ 

ဘဒ္ဒန္တ ပညာဇောတဦးစီး ပဓာနပြု၍ တောင်တွင်းကြီးမြို့ရှိ ဗိဿနိုးမြို့ဟောင်းတွင် ရှင်အပါး (၅၀၀၀) ကျော် ရှင်ပြုပွဲအခမ်းအနားကို ဧပြီလ (၆) ရက်နှင့် (၇) ရက်က ကျင်းပခဲ့သည်။

အဆိုပါ အလှူတော်မင်္ဂလာ အခမ်းအနားကို သဲဖြူဆရာ​တော်ကြီး ဦးစီးပဓာနပြု၍ မကွေးတို င်းဒေသကြီး အစိုးရအဖွဲ့နှင့် တပည့်သာဝက အပေါင်းတို့မှ စုပေါင်း၍ ဧပြီလ (၆) ရက်နှင့် ဧပြီ (၇)ရက်တို့တွင် မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြိုတော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။  

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာ တော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ် ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် သဲဖြူတောရ ဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှင် သာမဏေလောင်း (၅၆၀၂)ဦးအား သပိတ်၊ သင်္ကန်းနှင့် တူညီဝတ်စုံများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ထိုနောက် ရှင်သာမဏေလောင်းများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူ ဆောက်တည်ကြပြီးနောက် သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍  တက်ရောက်လာသူများက ဧပြီ (၇) နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တ ရားတော်များ နာယူကြည်ညိုကြကြောင်း သိရသည်။

၎င်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးပိုလှူဒါန်းသော လှူဒါန်းငွေများ၊ စေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယက ဆရာ တော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတထံမှ သာဓုအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here