နေပြည်တော် ကောင်စီနယ်မြေ၌လယ်ယာမြေ ဖော်ထုတ်ကာ နွေနှမ်းကိုဧက (၈,၀၀၀)ကျော်စတင် စိုက်ပျိုးကြ​ရန်လျာထား

0
1206

နေပြည်တော်ကောင်စီနယ်မြေ၌ ၂၀၂၂ -၂၀၂၃ ခုနှစ်၌ နွေနှမ်းဧက (၂,၇၀၀)ကျော် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နွေနှမ်းဧက (၈,၀၀၀)ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်​နေကြောင်း သိရသည်။

ဧပြီ (၇) ရက်တွင် နေပြည်တော် လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်စနစ်ရှိ သစ်ဆိမ့်ပင်ကျေးရွာတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ၂၆ ဧက ၌ နွေနှမ်းစိုက်ပျိုးကြမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး ပွဲမှ သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တောင်သူ ၁၁၀ ၏ လယ်ယာမြေ ၃၃၈ ဧက ကျော်ကို မြေပြင်ခြင်း၊ ကန်သင်းဖော်ခြင်း၊ ရေသွင်းရေထုတ်မြောင်း၊ ရေပေးအဆောက်အအုံနှင့် ကုန်ထုတ်လမ်းများပါဝင်သည့် စနစ်ကျလယ်ယာမြေအဖြစ် ဖော်ထုတ်ပေးနိုင်ရန် နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အများ အသုံးပြုဆောင်ရွက်ပေးခြင်းသည် တစ်ဧကချင်း၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးကို ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ တောင်သူများအနေဖြင့် သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးနှံအထွက်နှုန်းမြင့်မားရေး ကြိုးပမ်း​ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပေးပြီး ပထမဆုံးအဖြစ် နွေနှမ်းစတင် စိုက်ပျိုးကြမည်ဖြစ်၍ တောင်သူများ၏ လိုအပ်ချက် များကိုဆွေးနွေးနိုင်ကြရန်နှင့် နည်းပညာ အပါအဝင် လိုအပ်ချက်များကို ဝန်ကြီး ဌာနက အနီး ကပ်ကူညီပေးနိုင်ရန် ယခုတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်၌ နွေနှမ်းဧက ၂၇၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေနှမ်း ဧက ၈၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ သီးနှံ အထွက် တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများ ပူး ပေါင်း၍ နည်းပညာနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးလျက်ရှိ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here