ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ အချိန် (၁) နာရီကျော်ခန့် ငြှိမ်းသတ်ခဲ့ရ

0
152

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၁၄) လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ အချိန် (၁) နာရီကျော်ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဧပြီ (၈) ရက်၊ နံနက် အစောပိုင်း (၁)နာရီ (၄၅)မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၁၄) လမ်းတွင် မီး လောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပခုက္ကူန ယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသ တ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းရှိ ပရ ဟိတအသင်းများမှ ဝိုင်းငြှိမ်းသတ်ရာ နံနက်အစောပိုင်း (၂)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုးမှု တန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲမှ ဆက်လက် စစ် ဆေးတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here