ဂါဇာ၌ အောင်ပွဲရတော့မည်ဟုနေတန်ယာဟုဆို

0
125

ဂျေရုဆလင်၊ဧပြီ ၇

အစ္စရေးအနေဖြင့် ဂါဇာစစ်ပွဲ၌ အောင်ပွဲရရန် လက်တကမ်းသာလိုတော့‌သလို ဟားမတ်စ်တို့က ဓါးစာခံများကို မလွှတ်ပေးပါက မည်သို့‌သောစစ်ပြေငြိမ်းရေးမှရှိမလာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကပြောကြားခဲ့သည်။

အစ္စရေးသို့ ဟားမတ်စ်စစ်သွေးကြွများကအရင်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သည့်စစ်ပွဲ ၏ ခြောက်လပြည့်အထိမ်းအမှတ် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ၎င်းကယခုကဲ့သို့ညပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာအောင်ပွဲရဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်ဆိုပေမယ့် ပေးဆပ်လိုက်ရတဲ့အရင်းအနှီးကလည်းများပါတယ်၊ဒါကြောင့် ဓါးစာခံတွေမလွတ်မချင်းစစ်ပြေငြိမ်းရေးဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး၊အစ္စရေးအနေနဲ့ စစ်ပြေငြိမ်းဖို့ပဲအစီအစဉ်ရှိတာပါ၊လက်နက်ချဖို့အစီီအစဉ်ရှိတာမဟုတ်ပါဘူး” ဟုလည်း နေတန်ယာဟုကဆိုသည်။

အလားတူပင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အစ္စရေးကိုဖိအားပေးမည့်အစား ဟားမတ်စ်ကိုသာဖိအားပေးကာ စစ်ပြေငြိမ်းရေး ကိုရရှိအောင်ဖော်ဆောင်သင့်သည်ဟုလည်း နေတန်ယာဟုကဆက်လက်ပြောကြားခဲ့သည်။

ကျွန်တော်တို့နဲ့ကျွန်တော်တို့အစီအစဉ်တွေကို ထိခိုက်အောင်လုပ်တဲ့သူမှန်သမျှကို ကျွန်တော်တို့ကလည်းထိခိုက်အောင်ပြန်တုန့်ပြန်သွားမှာပါဟုလည်း နေတန်ယာဟုကပြောကြားခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here