လေထုညစ်ညမ်းမှုကြောင့် ထိုင်းမြောက်၌ အဆုတ်ကင်ဆာဖြင့်သေဆုံးမှုများလာ

0
117

ချင်းမိုင်၊ဧပြီ ၇

ထိုင်းနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ချင်းမိုင်နှင့်လိုင်ပန်၌နေထိုင်သူများသည် အဆုတ်ကင်ဆာကြောင့် သေဆုံးမှုများလျက်ရှိ‌ကြောင်းသိရသည်။ချင်းမိုင်တက္ကသိုလ်၏ ဆေးပညာ မဟာဌာနကမူ လေထုထဲတွင် အမှုန်ပါဝင်မှုသည် PM 2.5 အထိမြင့်မားနေခြင်းက အဆုတ်ကင်ဆာဖြစ်ရခြင်းအဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်းလည်းဖော်ထုတ်ခဲ့သည်။

ချင်းမိုင်တက္ကသိုလ် (CMU) ဆေးပညာဌာန တွဲဖက်ပါမောက္ခ Chalerm Liewsisakul ကမူ မြောက်ပိုင်းဒေသတွင်အမှုန်ပါဝင်မှုသည်  PM 2.5 အထိရှနေ ​သောကြောင့် လေထုညစ်ညမ်းမှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းက ပိုမိုဆိုးရွားလာခဲ့ပြီး အဆုတ်ရောဂါခံစားရသောလူနာများကို များလာစေသည်ဟုလည်းပြောကြားခဲ့သည်။

အာဏာပိုင်များ၏ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံမြောက်ပိုင်း၌ အဆုတ်ရောဂါဖြစ်ပွားသူအရေအတွက်သည် ၂၀၁၀ ပြည့်နှစ်က ၂၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃၀ ဒသမ ၉ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်ဟုသိရသည်။

ချင်းမိုင်သည် စနေနေ့က IQAir.com မှ အစီရင်ခံချက်အရ ကမ္ဘာ့လေထုအရည်အသွေးအဆိုးရွားဆုံးမြို့များထဲသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရပြီး အဆိုပါနေ့အတွက်လေထုအရည်အသွေးညွှန်းကိန်းသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ  ၅၂ မိနစ်တွင် ၂၃၇ သို့ရောက်ရှိခဲ့သည်ဟုလည်းသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here