အမေရိကနှင့်မဟာမိတ်များ ပင်လယ်အတွင်းစစ်ရေးလေ့ကျင့်သဖြင့် တရုတ်ကတိုက်ခိုက်ရေးကင်းလှည့်မှုပြုလုပ်

0
139

ပေကျင်း၊ဧပြီ ၈

ဖိလစ်ပိုင်၊အမေရိက၊ဂျပန်နှင့်သြစတြေးလျတို့သည်ဧပြီ ၇ ရက်က အငြင်းပွါးနေသည့် ရေပိုင်နက်အတွင်း ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသည်လည်း ၄င်း နေ့မှာပင် တောင်တရုတ်ပင်လယ်၌ တိုက်ခိုက်ရေးကင်းလှည့်မှုများကို ပြုလုပ်ခဲ့သည်ဟုတရုတ်စစ်တပ်ကပြောကြားခဲ့သည်။

ပေကျင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ တောင်ပိုင်းဌာနချုပ်ကမူ တောင်တရုတ်ပင်လယ်အတွင်း ရေတပ်နှင့်လေတပ် ပူးတွဲ ကင်းလှည့်မှုများကိုပါ စီစဉ်နေကြောင်းကို ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမူ အမေရိက၊သြစတြေးလျ၊ဂျပန်တို့နှင့်ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလေ့ကျင့်မှုမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေလိုခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

“ဘက်စုံ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှု” ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံလေးနိုင်ငံမှ ရေတပ်နှင့်လေတပ်များပါဝင်ခဲ့ပြီး ၎င်းတို့သည် ဆက်သွယ်ရေးလေ့ကျင့်ခန်း၊တပ်မ နည်းဗျူဟာနှင့် အခြားလေ့ကျင့်မှုတို့ကိုလုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်၏ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှု၌ “ရေငုပ်သင်္ဘောတိုက်ခိုက် ရေး လေ့ကျင့်မှု” လည်းပါဝင်မည်ဖြစ်ကြောင်း မနီလာမြို့ရှိ ဂျပန်သံရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်စစ်တပ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ကိုမူ အသေးစိတ်အချက်အလက်များအား တရုတ်က သတင်းထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပေ။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here