မြဝတီမှ မဲ​ဆောက်သို့ ဆင်းသက်မည့်​ ကျန်ရှိလေယာဥ်အစီအစဥ်များ မြန်မာဖက်ကဖျက်သိမ်း 

0
147

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်မှာ ယ​နေ့ တနင်္လာနေ့ မနက် ၁၀ နာရီ၌ မြဝတီမြို့မှ ထွက်ခွာလာသော လေယာဉ်တစင်းသည် ဆင်းသက်ကြောင်း ၀န်ကြီးချုပ် Srettha Thavisin က ယနေ့ အတည်ပြု ပြောကြားလိုက်သည်။

လေယာဉ်ပေါ်တွင် စစ်သား သို့မဟုတ် လက်နက်များ မပါရှိဘဲ အရပ်သားများကိုသာ တင်ဆောင်လာခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်း နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Thanawat Sirikul က တနင်္လာနေ့မွန်းလွဲပိုင်းတွင် ထိုင်းအစိုးရသည် လူသားချင်းစာနာထောက်ထားသော အားဖြင့် မြန်မာနိုင်ငံမှ ဆိုက်​ရောက်မည့် ကယ်ဆယ်ရေး ခရီးစဥ် ၃ ခုကို ခွင့်ပြုခဲ့ပြီး တနင်္ဂနွေနေ့တွင် တက်ခ်ခရိုင်သို့ ဆင်းသက်သည့် ပထမဆုံး လေယာဉ်တွင် လက်နက်များ သယ်ဆောင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရ သံရုံးက တောင်းဆိုထားသည့် ကျန်ရှိ​သေး​သော ကယ်ဆယ်ရေး ခရီးစဉ် နှစ်ခုကိုလည်း ယနေ့နှင့် မနက်ဖြန်တွင် ဆိုက်​ရောက်ရန် စီစဉ်ထား​သော်လည်း နစကဖက်က အစီစဥ်ကိုဖျက်လိုက်​ကြောင်း သိရသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here