မိုဇမ်ဘစ်မှာ ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် လူ ၉၀ ကျော် သေဆုံး

0
69

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းကမ်းလွန်မှာ ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၉၄ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ပျောက်ဆုံးလျက်ရှိတယ်လို့ ရေကြောင်းပို့ဆောင်ရေးဋ္ဌာန (INTRASMAR) အရာရှိတစ်ဦးက ပြောဆိုပါတယ်။

အဆိုပါရေယာဉ်ဟာ ငါးဖမ်းရေယာဉ်တစ်စင်းဖြစ်ပြီး လူအဆမတန်တင်ဆောင်ထားခဲ့ကြောင်းနဲ့ လူတွေ သယ်ယူပို့ဆောင်ခွင့် လိုင်စင်ရှိမထားကြောင်း INSTRASMAR ရဲ့ အုပ်ချုပ်ရေးမှူး လော်ရန်ကို မိုချာဒိုက တနင်္လာနေ့မှာ နိုင်ငံပိုင် ရုပ်သံကို ပြောဆိုပါတယ်။

တနင်္ဂနွေနေ့မှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၁၃၀ တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်ခဲ့ရာမှာ ၉၄ ဦးထက်မနည်း သေဆုံးခဲ့တာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ အလောင်း ၉၄ လောင်းကို ဆယ်ယူရရှိထားပြီး ၂၅ ဦး ပျောက်ဆုံးလျက်ရှိသေးတယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ယင်းရေယာဉ်ဟာ Nampula ပြည်နယ် Lungo မြို့ကနေ မိုဇမ်ဘစ် ကျွန်းတစ်ကျွန်းသို့ ခရီးသည်တွေ ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ ၎င်းက ဆိုခဲ့ပြီး ကနဦး အစီရင်ခံချက်တွေအရ ဒီလှိုင်းတစ်ခုနဲ့ ရိုက်မိကာ ရေယာဉ်တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: BNA


LEAVE A REPLY

Please enter your comment!
Please enter your name here