ဂိုးသွင်း​ကောင်းသည့် တိုက်စစ်မှူးများ

0
144

MNL League Cup 2024 ပထမအကျော့ အုပ်စုအဆင့် ပွဲစဥ်များအပြီး သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သည့် တိုက်စစ်မှူးများစာရင်း ယနေ့တွင် ထွက်ပေါ်လာသည်။

အဆိုပါ ကစားသမား တိုက်စစ်မှူးများမှာ မဟာယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ်၊ ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ဂျီဒီအွန်တပ်တက်နှင့် လမင်းထွေး၊ ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုနှင့် ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး ပီတာအောင်ဝေထူးတို့က သွင်းဂိုး (၄)ဂိုးစီ သွင်းယူထားကြောင်း သိရသည်။

MNL League Cup 2024 ပထမအကျော့၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်များကို ယခု ဧပြီ(၅)ရက်နှင့်(၆)ရက်တို့တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ပထမ အကျော့ အုပ်စုအဆင့်ယှဉ်ပြိုင်ကစားပြီးနောက် အမှတ်ပေးဇယားရပ်တည်မှု ရလဒ်စာရင်းများလည်း ထွက်ပေါ်ခဲ့ပြီး အုပ်စု(A) တွင် ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှ တ်ဖြင့် အုပ်စုပထမ၊ အုပ်စု (B) တွင် ရှမ်းယူနိုက်တက်အသင်းနှင့်  ရခိုင်ယူနိုက်တက်မှာ ရမှတ်(၉)မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်က အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

အလားတူ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၁၂) မှ တ်ဖြင့် အုပ်စု (C ) ကို ဦးဆောင်ထားပြီး၊ အုပ်စု (D) တွင် အား/ကာသိပ္ပံအသင်းက ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုပထမနေရာကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။

MNL League Cup 2024 အုပ်စုအဆင့်ဒုတိယအကျော့ယှ ဉ်ပြိုင်မှုများအား သင်္ကြန်ကာလအပြီး ဧပြီ (၂၅) ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-MNL


LEAVE A REPLY

Please enter your comment!
Please enter your name here