AUKUS စာချုပ်၌ ဂျပန်နှင့်ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်၊ဗြိတိန်နှင့်ဩစတြေးလျတို့စဥ်းစားနေ

0
92

လန်ဒန်၊ဧပြီ ၈

ဗြိတိန်၊အမေရိကနှင့်ဩစတြေလျတို့သည် ၎င်းတို့၏ AUKUS လုံခြုံရေးသဘောတူစာချုပ်မှတစ်ဆင့် ဂျပန်နှင့်ပူးပေါင်းလုပ်ဆောင်ရန် စဉ်းစားကြံဆနေကြကြောင်း သုံးနိုင်ငံလုံး၏ ပူးတွဲကြေငြာချက်တစ်ရပ်၌ဖော်ပြထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍အ မေရိ ကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် လာမည့်ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည့်တွေ့ဆုံမှု၌ အသေးစိတ်ဆွေးနွေးမှုထပ်မံပြုလုပ်သွားနိုင်ကြောင်း ဆွေးနွေးပွဲနှင့်နီးစပ်သည့်အသိုင်းအဝိုင်း၏ပြောကြားချက်အရသိရသည်။

AUKUS အဖွဲ့အား အမေရိက၊ဗြိတိန်နှင့်ဩစတြေးလျတို့သုံးနိုင်ငံပေါင်းစည်းကာ ၂၀၂၁ ခုနှစ်ကစတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ၏ကြီးထွားလာနေသော စွမ်းပကားကိုဆန့်ကျင်ရန်ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

၎င်းတို့၏ပထမရည်မှန်းချက်မှာ ဩစတြေးလျသို့ နျူစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောများအား ပို့ဆောင်ရန်ဖြစ်ပြီး အဆိုပါအဆင့်၌ ဂျပန်နိုင်ငံပါဝင်ခြင်းရှိမရှိကိုမူ မသိရသေးပေ။

ဒုတိယရည်မှန်းချက်မှာ အဆင့်မြင့်စွမ်းဆောင်ရည်များအပေါ် အာရုံစိုက်ထားခြင်းဖြစ်ပြီး quantum ကွန်ပြူတာ၊ပင်လယ်ရေအောက်၊ ဟိုက်ပါဆိုးနစ်ဒုံးကျည်၊ဉာဏ်ရည်တုနှင့်ဆိုက်ဘာနည်းပညာများပါဝင်သည့် နည်းပညာဆိုင်ရာနယ်ပယ်များပါဝင်သည်။

တရုတ်နိုင်ငံကမူ အဆိုပါ AUKUS သဘောတူညီချက်သည် အန္တရာယ်ကြီးသည်ဟုပြောကြားခဲ့ပြီး ဒေသတွင်း၌လက်နက်အင်အားပြိုင်ဆိုင်မှုကိုလည်း လှုံံ့ဆော်ပေးနိုင်ကြောင်းသတိပေးစကားပြောကြားခဲ့သည်။

Source : ရိုက်တာ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here