ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသ ဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထော က်အကူဖြစ်စေမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေး

0
139

မြန်မာနိုင်ငံအပေါ် ကုလ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ ဧပြီ(၈)ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအရ မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေးခဲ့ပြီး၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့၌ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်တွင် ပြု လုပ်ကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ယခု၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါ ရီလ (၂၆) ရက်မှ ဧပြီလ (၅)ရက်အထိ ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ရာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ် လ (၁) ရက်နှင့် (၁၉ )ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ကြကြောင်း ဆိုထားသည်။

ထို့နည်းတူ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား
ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန် မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ (၄) ရက်တွင် သက်ဆိုင်ရာမြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့ပြီး၊ အဆိုပါ ဆုံးဖြတ်ချက်အဆိုတွင် မြန်မာ နိုင်ငံ၏လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရကြောင်း အသိပေးထားသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသော် လည်း နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သာ ယာဝပြောရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စနစ်တကျကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်  လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးနှင့်ပတ်သက်၍ လည်း လိုအပ်သူများထံ အချိန်နှင့်တပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း အသိပေးချက်တွင် တုန့်ပြန် ရှင်းလင်းထားသည်။

ကုလထုတ်ပြန်ချက်အချို့တွင် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ်မရှိကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတစ်ဝန်း ၌ ကုလသမဂ္ဂအဖွဲ့အစည်း (၁၆) ဖွဲ့၏ရုံးခွဲများ ဖွင့်လှစ်ထားရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရ ရှိသောစာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၌ နိုင်ငံခြား သားဝန်ထမ်း (၁၃၀) ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း (၁,၆၀၀) ခန့်အပါအဝင် ဝန်ထမ်းစုစုပေါင်း (၁,၇၀၀) ကျော်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရည်။

ထို့အပြင် ပြီးခဲ့သည့် သုံးနှစ်အတွင်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံ တကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် (၁,ဝဝဝ) ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများအား အကြိမ် (၆ဝ) ကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများအား စုစုပေါင်းအ ကြိမ် (၂၅ဝ) ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား အကြိမ် (၃၀၀) ကျော် ခရီးသွားလာခွင့်ပြုခဲ့
ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်ပြောကြားထားသည်။

အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏ သံရုံးများကို မြေပြင်လုံခြုံရေး အခြေအနေများပေါ်မူတည်၍ ခရီးသွားရောက်ခွင့်ပြုခဲ့ကြောင်းလည်း အသိပေးထားသည်။

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဘက်မှ အဆင့်မြင့်အရာရှိကြီးများ၏ အဆိုပြု ခရီးစဉ်များကို ညှိနှိုင်းပေးခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကုလ သမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ Under -Secretary- General နှင့်ကုလသမဂ္ဂဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ Under-Secretary-General တို့၏ခရီးစဉ်များအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၏ ခရီးစဉ်စုစုပေါင်း (၁၉) ခုကို ညှိနှိုင်းပေးခဲ့ကြောင်းလည်း နိုင်ငံ ခြား‌ေရးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here