ရုရှားရေကြီးရေလျှံမှုကို ဒေသခံများဆန္ဒပြ

0
131

မော်စကို၊ဧပြီ ၈

ရုရှားနိုင်ငံရှိဒေသအချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသကဲ့သို့  နောက်ထပ် ၄၈ နာရီအတွင်း ယခုထက်ရေပိုတက်လာနိုင်သေးကြောင်း ကြေငြာချက်ထုတ်ပြန်ထားပြီး ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသမှဒေသခံများသည် အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှုအား မ ​ကျေနပ် သဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုလည်းသိရသည်။

ရေခဲအရည်ပျော်မှုနှင့် အဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် ရုရှား – ကာဇက်စတန်နယ်စပ်ရှိဒေသများ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နောက် ၄၈ နာရီအတွင်း ရေထပ်တက်နိုင်သေးသည်ဟုလည်း အာဏာပိုင်များကသတိပေးချက်ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ကျိုးမှုလည်းဖြစ်ပေါ်ခဲ့သဖြင့် အခြေအနေပိုဆိုးရွားလာခဲ့ပြီး အာဏာပိုင်များ၏ တုန့်ဆိုင်းဆိုင်းဘေးအန္တရာယ်ကင်းရှင်းရေးအစီအစဉ်များကို ဒေသခံများဘက်မှဆန္ဒပြခဲ့ကြခြင်းလည်းဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများသည် သမ္မတပူတင်ထံမှအကူညီတောင်းခံသည့် ကြွေးကြော်သံများအော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ခရင်မလင်ကမူ သမ္မတပူတင်အနေဖြင့် ရေကြီးရေလျှံရာဒေသများသို့ သွားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ရုရှား၌ အစိုးရအားဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများအားပြုလုပ်ခြင်းသည် တင်းကြပ်စွာတားမြစ်ထားသော ဆန္ဒပြနည်းဥပဒေအရ တရားမဝင်ဘဲ ပြစ်ဒဏ်ကျခံရနိုင်သည့် အနေအထားဖြစ်သည်။

ဆန္ဒပြသည့်ဒေသခံပြည်သူများသည် အစိုးရထံမှငွေကြေးအထောက်အပံ့အား ပိုမိုရရှိလိုခြင်းဖြစ်ကာ ဆည်ကျိုးခဲ့သည့်အပေါ်လည်း ဒေါသထွက်ခဲ့ကြသဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here