အောင်ဇေယျတံတား အဆင်းတွင် YBS (၆၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

0
123

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံ တားအဆင်းတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS (၆၁) ယာဉ်လိုင်းမှ ယာဉ်တစ်စ်ီး ယနေ့ နံ နက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျ င်ရှိ ပြည်သူများထံမှ သိရသည်။

ယနေ့ ဧပြီ (၁၀)ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲလျက်ရှိသည့် YBS (၆၁) ယာဉ်တစ်စ်ီးမှာ အောင်ဇေယျတံတားအဆင်းသို့ အရောက် အင်ဂျင်ခန်းမှ မီးခိုးများထွက်ပြီး အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဆင်းပြေးခဲ့ရပြီး မီးကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်း ဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဧပြီ (၁၀) ရက် နံနက်အစောပိုင်း (၃)နာရီ၊ (၅၄)မိနစ် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းထိပ်တွင် Pro box ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မီးသ တ်တပ်ဖွဲ့ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here