ဗြိတိန် အစိုးရအရာရှိများနှင့် အိုင်တီကဏ္ဍမှ ပုဂ္ဂိုလ်များအပါအဝင် ၂၂ ဦးကို ရုရှား ပိတ်ဆို့အရေးယူ

0
161

ဗြိတိန်အစိုးရအရာရှိများ၊ အိုင်တီကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် တရားရေးဆိုင်ရာဝန်ဆောင်မှုပြုလုပ်နေသူများအပါအဝင် စုစုပေါင်း ၂၂ ဦးကို နာမည်ပျက်စာရင်းသွင်း၍ ပိတ်ဆို့အရေးယူခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗြိတိန်အစိုးရဟာ သူ့ရဲ့ ရုရှားဆန့်ကျင်ရေးမူဝါဒကို ဆက်လက် ကျင့်သုံးနေပြီး၊ ရုရှားကို စစ်မြေပြင်မှာ ဗျူဟာမြောက် ရှုံးနိမ့်စေမယ့် ဦးတည်ချက်ထားရှိတာကို တွေ့နေရပါတယ်။ ပိတ်ဆို့အရေးယူမှု ယန္တရားကိုလဲ တက်ကြွစွာ အသုံးပြုနေပြီး အဖျက်သဘောဆောင်တဲ့ အချက်အလက်နဲ့ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“ဗြိတိန်အစိုးရရဲ့ ဒီလို ရန်လိုတဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်အစိုးရအရာရှိတွေ၊ အိုင်တီကဏ္ဍနဲ့ ဥပဒေရေးရာဝန်ဆောင်ကဏ္ဍတွေမှာ ပါဝင်သူတွေကို နာမည်ပျက်စာရင်းသွင်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

အထူးသဖြင့် နာမည်ပျက်စာရင်းသွင်းခံရသူများတွင် ရုရှားစစ်တပ်များနှင့် စစ်တပ်၏အခြေခံအဆောက်အအုံဆိုင်ရာတို့ကို တိုက်ခိုက်နိုင်စေရန်အတွက် ဒေတာစုဆောင်းခြင်းလုပ်ငန်းစဉ်တွင် လိုအပ်သော ဆော့ဖ်ဝဲနှင့် စိုင်ဘာကာကွယ်ရေးဝန်ဆောင်မှုများ ပေးဆောင်နေသော ဗြိတိန်ကုမ္ပဏီတစ်ခုဖြစ်သည့် Micro Focus မှ ပုဂ္ဂိုလ်များပါဝင်သည်။

အဆိုပါ နာမည်ပျက်စာရင်းတွင် အနောက်အုပ်စု၏တရားမ၀င် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို လိုက်လျောညီထွေဖြစ်စေရန် ပူးပေါင်းကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သူများလည်း ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here