မဟာဗျူဟာမြောက် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ မြန်မာနှင့် ဥရောပအာရှစီးပွား ရေးကော်မရှင်ဆွေးနွေး

0
147

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် The Eurasian Economic Commission အဖွဲ့ဝင် နိုင်ငံများအကြား မဟာဗျူဟာမြောက် စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စများကို ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် အကြီးစားစီးပွား ရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV တို့​ဆွေး​နွေးခဲ့ကြသည်။

ဧပြီ (၁၀) ရက် ညနေပိုင်း၌နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်၄င်းတို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် The Eurasian Economic Commission အဖွဲ့ဝင် နိုင်ငံများအကြား မဟာဗျူဟာမြော က် စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်ပြီးရေနံ ထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးဆိုင်ရာကိစ္စများ၊ သဘာဝဓာတ် ငွေ့ရည် LNG တင်သွင်းပြီး ပြည်တွင်းသုံးနှင့် ဒေသတွင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရောင်းချခြင်းဈေးကွက်ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများနှင့် အလားအလာကောင်းများရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် အထွက်နှုန်းတိုးမြှင့်နိုင်ရန် သုတေသနပြုဆောင်ရွက်ရေးကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ကိစ္စများအပြင် ရုပ်ကြွင်းလောင်စာဖြစ်တည်လာမှု အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ The Eurasian Economic Commission အဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here