ဒုတိယအကြိမ် မြန်မာ – ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးတွဲကော်မတီအစည်းဝေးပြုလုပ်

0
217

အကြမ်းဖက်မှု တိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းကို ယနေ့ ဧပြီလ (၁၁) ရက်တွင် မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကော်မတီဝင်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဘက်မှ ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Mato vnikov Alexander Anatolyevich နှင့် ကော်မတီဝင် ရုရှားတပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Mato vnikov Alexander Anatolyevich က မြန်မာကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ကြပြီး နှစ်နိုင်ငံတစ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နည်းလမ်းမျိုးစုံဖြင့် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကို နှစ်နိုင်ငံပူးပေါင်း၍ လျင်မြန်စွာတုန့်ပြန်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းလမ်းများနှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြပြီး တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here