ဘိုင်ဒင်နှင့်ကီရှီဒါတို့ က စစ်ရေးပူးပေါင်းမှုကို မြှင့်တင်မည်

0
215

ဝါရှင်တန်၊ဧပြီ ၁၁

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့သည် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်အားဂုဏ်ပြုချီးကျူးခဲ့ပြီး တရုတ်နှင့်ရုရှားတို့၏ ရန်လိုသောလုပ်ရပ်များကိုစောင့်ကြည့်ကာ ၎င်းတို့၏ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာ စေရန်လည်းကတိပြုခဲ့သည်။

ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် ထိုင်ဝမ်နှင့်တရုတ်အကြား တင်းမာနေသောဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး တရားဥပဒေစိုးမိုးမှုကို အခြေခံ၍ နိုင်ငံတကာဥပဒေကို လိုက်နာသွားမည်ဟုလည်းကီရှီဒါကပြောကြားခဲ့သည်။

ယူကရိန်း ကို ရုရှား၏ရန်စမှုများနှင့်ပတ်သက်၍ “ဒီနေ့ယူကရိန်းဟာ မနက်ဖြန် အရှေ့အာရှဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၎င်းတို့၏တပ်များသည် ပူးတွဲကွပ်ကဲမှုဖွဲ့စည်းပုံဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး သြစတြေးလျနှင့်အတူ ဝေဟင်ပစ်ဒုံးကျည်ကာကွယ်ရေးကွန်ရက်အသစ်ကိုပါထူထောင်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။ ဂျပန်အာကာသယာဉ်မှူးများသည် နာဆာ၏ လကမ္ဘာမစ်ရှင်တွင် ပါဝင်မည်ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးကကြေငြာခဲ့သည်။

အမေရိက နှင့်ဂျပန်တို့သည် အကျပ်အတည်းကာလအတွင်း ဂျပန်တပ်များနှင့် ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်ကွပ်ကဲမှုဖွဲ့စည်းပုံအား အဆင့်မြှင့်တင်ရေး အပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၇၀ ခန့်ကို  ရယူခဲ့ကြကြောင်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here